ကမမောင်းမြို့တွင် ၂၀၂၁-၂၀၂၂တက္ကသိုလ်ဝင်တန်း စာမေးပွဲမြန်မာစာ စတင်ဖြေဆို

ကမမောင်း  မတ်  ၃၁

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ကမမောင်းမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထမနေ့ မြန်မာစာဖြေဆိုခြင်းကို ကမမောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါစာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ(၁၇၆)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရန် ကမမောင်းမြို့နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲဝင်များမှ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ထားရှိပြီး တာဝန်ရှိသူများမှကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

သို့ရာတွင် လုံခြုံရေးအစီအစဉ်အဖြစ် ကျောင်းသား/ကျောင်းသူ မိဘများ၊ကျောင်းကော်မတီများမှ အားဖြည့်ကူညီပံ့ပိုးထားကြပြီး စာဖြေချိန်ကို မနက်(၉)နာရီမှ(၁၂)ထိကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်အေး(ပြန်/ဆက်)