မိုင်းရယ် မတ် ၃၁
အခြေခံပညာဦးစီးဌာန၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မိုင်းရယ်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိ သည်။
မိုင်းရယ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျား (၃၄)ဦး၊ မ (၅၁)ဦး စုစုပေါင်း (၈၅)ဦးရှိပြီး ကျေောင်းသား၊ ကျောင်းသူ ၁၀၀ ရာခိုင်နှုန်းဖြင့် ပျက်ကွက်သူမရှိ လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ကျော်ဇင်ထိုက်