ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးစာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပ

လင်းခေး မတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးစာစစ်ဌာန၌ ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက်၉နာရီက စတင် ကျင်းပကြောင်း သိရသည်။

အဆိုပါ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၊ လင်းခေးစာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ (၂၃၀)ဦးရှိသည့်အနက် ယနေ့ပထမနေ့ (မြန်မာစာ)နေ့၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၇၄)ဦး၊ ကျောင်းသူ(၁၃၈)ဦး စုစုပေါင်း(၂၁၂)ဦးရှိပြီး၊ ပျက်ကွက် ကျောင်းသား (၇)ဦးနှင့် ကျောင်းသူ(၁၁)ဦးစုစုပေါင်း (၁၈)ဦးရှိ‌ကြောင်းနှင့် ဤစာစစ်ဌာ၏ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၁၇%) ဖြစ်ကြောင်း အဆိုပါစာစစ်ဌာနတာဝန်ရှိသူထံမှ သိရသည်။

စိုင်းဇော်လတ်