ဆင်ပေါင်ဝဲ မတ် ၃၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထက(ဆင်ပေါင်ဝဲ)စာစစ်ဌာနတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ စတင်ဖြေဆိုနေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ၊ လုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ အထက(ဆင်ပေါင်ဝဲ) စာစစ်ဌာနတွင်(၂၅၈)ဦး၊ အထက(ချောင်းကောက်) စာစစ်ဌာနတွင်(၂၁၇)ဦး၊ အထက(လက်ပန်)စာစစ်ဌာနတွင်(၁၀၄)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၅၇၉)ဦး စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)