ဇေယျာသီရိ မတ်လ ၃၁
၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်တွင် စာစစ် ဌာန ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် အထက်တန်းကျောင်းများရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ်ကို အဖြေဆိုလျက်ရှိ သည်။
ဇေယျာသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြ သည့် ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာ ဖြေဆိုနေမှု အခြေအနေကို နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပညာရေး ညွှန်းကြားရေးမှူး ဦးစိုးသိုက်နှင့် တိုင်း/ခရိုင်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့်အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းထင်၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ သွားရောက်၍ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ဇေယျာသီရိမြို့နယ်အနေဖြင့် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြည်စံအောင် အခြေခံပညာ အထက်တန်းကျောင်၊ ရေဆင်းအခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျောက်ချက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) စာစစ်ဌာနပေါင်း(၅)ခု ဖွင့်လှစ်၍ လာရောက် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူပေါင်း(၁၈၄၇)ဦးနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ ဖြစ်သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပညာရေးညွှန်းကြားရေးမှူး ဦးစိုးသိုက်နှင့် တိုင်း/ခရိုင်မှ တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်အတွင်း အခြေခံပညာ ကျောင်းများရှိ စာစစ်ဌာနများရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမှု အခြေအနေများကို ကြည့်ရှုအားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)