ပူတာအို မတ် ၃၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စာစစ်ဌာနများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ် ၀င်တန်းစာမေးပွဲကို မတ်(၃၁)ရက်မှ စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသူ ကျောင်းသားများ ပထမနေ့တွင် မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
အဆိုပါ တက္ကသိုလ်၀င်တန်း စာမေးပွဲကို ပူတာအိုမြို့နယ်တွင် စာစစ်ဌာနနှစ်ခုတွင် စာမေးပွဲ ဖြေဆိုရန် စာရင်းရေးသွင်းသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း(၇၆၀) ဦးရှိပြီး ကျောင်းသူ ကျောင်းသားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် တာ၀န်ရှိသူများက ကြပ်မတ် ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)