ချီဖွေ မတ် ၃၁
ချီဖွေမြို့နယ်၌ မတ်(၃၁)ရက်နေ့တွင်ကျင်းပသည့် ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၁၀၃)ဦး စိတ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာနတွင် အ-ထ-က(ချီဖွေ)မှ ကျောင်းသား (၄)ဦး၊ ကျောင်းသူ(၁၇)ဦး၊ အ-ထ-က(ပန်ဝါ)မှ ကျောင်သား(၄)ဦး၊ ကျောင်းသူ(၁၀)ဦး၊ အ-ထ-က(နိုဇွန်ဘော်)မှ ကျောင်းသား(၅)ဦး၊ ကျောင်းသူ (၁၉)ဦး၊ အ-ထ-က(ဆော့လော်)မှ ကျောင်းသား(၈)၊ ကျောင်းသူ(၈)ဦးနှင့် ပြင်ပမှ ဝင်ရောက် ဖြေဆိုသည့် ကျောင်းသား(၉)ဦး၊ ကျောင်းသူ(၁၉)ဦးရှိပြီး တက္ကသိုလ်စာမေးပွဲကို ဝင်ရောက် ဖြေဆိုသူစုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၀၃)ဦးရှိထားပြီး ဝင်ရောက်ဖြေဆိုရန် ပျက်ကွက် ကျောင်းသား (၁၁)ဦးနှင့် ကျောင်းသူ (၉) ဦးရှိရာ ချီဖွေမြို့နယ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက် ဖြေမည့်စာရင်းပေးသွင်းထားသည့် ကျောင်းသား/သူ (၁၂၃) ဦး အနက်ဝင်ရောက်ဖြေဆိုသူ (၁၀၃) ဦး ရှိကြောင်းနှင့် ဖြေဆိုသည့် ရာခိုင်နှုန်း ၈၃.၇၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)