သတင်းများ

ပုံပါကျင်မြို့Community Centre ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် နံရံကပ်ပြပွဲ ကျင်းပ
Apr 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ Community Center ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် နံရံကပ်ပြပွဲတို့ကို ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်ဖြေဆို
Apr 06,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဇီ၀ဗေဒဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုကြသည်။
စစ်ကိုင်းမြို့ မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Apr 06,2022
စစ်ကိုင်းမြို့ မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ချောင်းသာ၌ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်
Apr 06,2022
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် စျေးသည်များ စနစ်တကျ ရောင်းချမှုရှိ စေရန်နှင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်မှုရှိစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ယမန်နေ့ ညနေ  ၄ နာရီတွင် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်း စစ်ဆေး အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ဇေယျာသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် အေးချမ်းစွာ ဆက်လက်ဖြေဆို
Apr 06,2022
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုကြသည်။
မြင်းမူ၌ စိုက်ပျိုးရေးနည်းပညာပေး Talk Show အစီအစဉ်ကျင်းပ
Apr 06,2022
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်   မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းတင်ဆက်သည့်   စိုက်ပျိုးရေးနည်းပညာပေး Talk Show အစီအစဉ် ပြုလုပ်တင်ဆက်ခြင်းကို ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်/ဆက်ဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့သည်။
မိုးမိတ်မြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ အေးချမ်းစွာ ဖြေဆိုပြီးစီး
Apr 06,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၂ခုနှစ် မတ်လ ၃၁ ရက်နေ့မှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခဲ့ရာ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဖြေဆိုခဲ့ရနေ့လည် ၁၂ နာရီအချိန်က  အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး (Talk Show)ကျင်းပ
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နံနက်ပိုင်းက မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး(Talk Show)ကျင်းပခဲ့ကြောင်း သိရသည်။