အထက်မင်းလှ ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဇီ၀ဗေဒဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုကြသည်။
ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မင်းလှမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၊ မလွန်အခြေခံပညာအထက်တန်းကျောင်း၊ လင်းကယ် အခြေခံပညာ အထက်တန်းကျောင်း၊ ရေနံမအခြေခံပညာအထက်တန်းကျောင်းနှင့် လက်ပံတံခါးအခြေခံပညာ အထက်တန်းကျောင်းစသည့် စာစစ်ဌာနပေါင်း(၅)ခုဖြင့် ကျင်းပရာ ကျောင်းသား(၁၁၇)ဦး၊ ကျောင်းသူ(၁၆၀) ဦး၊ စုစုပေါင်း(၂၇၇)ဦး၊ ရာခိုင်နှုန်းမှာ(၉၂.၆၄) ရာခိုင်နှုန်းတို့ ဝင်ရောက်ဖြေဆိုကာ ပျက်ကွက်ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၂)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ဒသမ ၇.၃၆ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းလှမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက် ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)