သတင်းများ

ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 06,2022
မြန်မာသက္ကရာဇ်၁၃၈၃ခုနှစ်၊မဟာ သင်္ကြန်အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး၌ ကျင်းပသည်။
မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် ပြည်သူလူထုများအား အသိပညာပေးဟောပြော
Apr 06,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်နိုင်ရေးအတွက် ပြည်သူလူထု များအား အသိပညာပေး ဟောပြောပွဲကို အောင်တပ်အုပ်စု၊ ဒိုင်းကျီရပ်ကွက်ရှိ စာသင်ကျောင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၌ လျှပ်စစ်ဓါတ်အားနှင့် ရေကိုခြိုးခြံချွေတာစွာ သုံးစွဲနိုင်ရေး အသိပညာပေး Talk Show ကျင်းပ
Apr 06,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ်လျှပ်စစ်ရုံးခန်းမ၌ လျှပ်စစ်ဓါတ်အားနှင့် ရေကိုခြိုးခြံချွေတာစွာ သုံးစွဲနိုင်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် Mobile Team အဖွဲ့များဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ၊ ကျေးရွာနေပြည်သူများတွင် အသက် ၁၈ ပြည့်ပြီသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြီးအစီးထိုးနှံနိုင်ရေးကို ယနေ့ နံနက် ၈ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ကြီးမြို့၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Apr 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက် ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ တောင်ကြီးမြို့အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးရသေးသူများအား ယမန်နေ့နံနက် ၉ နာရီက ဘုရားဖြူရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက် ရှိသည်။
ကျောက်ဆည်မြို့နယ် အရှေ့သပြေသာကျေးရွာတွင် သိပ္ပံနည်းကျစိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Apr 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်းစားသုံးဆီဖူလုံပိုလျှံစေရေး ဆီထွက်သီးနှံ မျိုးစုံ စိုက်ပျိုးလျက်ရှိရာ အရှေ့သပြေသာကျေးရွာတွင် သိပ္ပံနည်းကျစိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း၊ နှမ်းသီးနှံစိုက်ပျိုးရာတွင် စိုက်နည်းအမျိုးမျိုးဖြင့်စိုက်ပျိုးနိုင် သော်လည်း လေဝင်လေထွက်ကောင်းမွန်စေရန်နှင့် အပင်ဖြစ်ထွန်းမှုကောင်းမွန်စေရန်အတွက် သိပ္ပံ နည်းကျတန်းစိုက်စနစ်ဖြင့် စိုက်ပျိုးပါက ပို၍အောင်မြင် ဖြစ်ထွန်းကြောင်း၊ သိပ္ပံနည်းကျစိုက်ပျိုးခြင်းဖြင့် အပင်ထူပါကအလွယ်တကူသားခွဲနိုင်ခြင်း၊ ပေါင်းရှင်းရန်လွယ်ကူခြင်း၊ ရေကိုထိန်းညှိ၍ အသွင်း အထုတ်ပြုလုပ်နိုင်ခြင်းများကြောင့် ပိုမိုဖြစ်ထွန်းကြောင်း တောင်သူဦးမြင့်အောင်က ပြောပြသည်။
ဖျာပုံမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
စစ်ကိုင်းခရိုင် ပြန်/ဆက် ဦးစီးဌာနတွင် “ ရှေးဦးသူနာ ပြုစုနည်း” ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ
Apr 06,2022
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့စုတို့ ပူးပေါင်း၍ “ရှေးဦးသူနာပြုစုနည်း” ခေါင်းစဉ်ဖြင့် Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။