ဇေယျာသီရိ ဧပြီ ၆
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုကြသည်။
ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်စံအောင်အခြေခံပညာ အထက်တန်းကျောင်း၊ ရေဆင်းအခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၆) အခြေခံပညာအထက်တန်း ကျောင်းနှင့် ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စာစစ်ဌာနပေါင်း(၅)ခုဖြင့် ကျင်းပရာ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ ကျောင်းသား (၇၉၆)ဦး၊ ကျောင်းသူ (၁၀၄၅) စုစုပေါင်း (၁၈၄၁)ဦး တို့ဝင်ရောက်ဖြေဆိုကာ ပျက်ကွက်ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၂၀)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၄ ဒသမ ၆၃ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)