မြင်းမူ၌ စိုက်ပျိုးရေးနည်းပညာပေး Talk Show အစီအစဉ်ကျင်းပ

 

မြင်းမူ ဧပြီလ ၆ ရက်

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်   မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းတင်ဆက်သည့်   စိုက်ပျိုးရေးနည်းပညာပေး Talk Show အစီအစဉ် ပြုလုပ်တင်ဆက်ခြင်းကို ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်/ဆက်ဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိဦးနေလင်းအောင်က ယနေ့ပြုလုပ်မည့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာ  နည်းပညာ အကြောင်းများနှင့်

ပါတ်သက်၍တင်ပြဆွေးနွေးပေးရန်ဖိတ်ခေါ်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးရဲမြင့်သိန်းက မိမိတို့နိုင်ငံမှာစိုက်ပျိုးရေးနိုင်ငံဖြစ်သည့် အားလျှော်စွာ စိုက်ပျိုးရေး လုပ်ကိုင်ရာတွင် သွင်းအားစုဖြစ်သည့် ဓါတ်မြေဩဇာများသုံးစွဲခြင်းကြောင့် ကုန်ကျစရိတ်များ ပြားခြင်း၊ သဘာဝပါတ်ဝန်းကျင်ကို ပျက်စီးစေခြင်းတို့ဖြစ်စေကြောင်း၊ ယင်းကြောင့် ကုန်ကျစရိတ်သက်သာပြီး သဘာဝပါတ်ဝန်းကျင် ပျက်စီးမှုကိုထိန်းသိမ်းနိုင်ပြီး သီးနှံထွက်ရှိမှုကို ပိုမိုရရှိစေသည့် သစ်စိမ်းမြေဩဇာအမျိုးမျိုးပြုလုပ် သုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေးရည် ပြုလုပ်သုံးစွဲနည်း၊ စပါးခွံပေါင်းခံရည်ပြုလုပ်သုံးစွဲနည်းစသဖြင့် တောင်သူများအတွက် များစွာအကျိုးပြုပြီး၊ ကုန်ကျစရိတ်နည်းပါးသည့် နည်းပညာများနှင့်ပါတ်သက်၍ ရှင်းလင်း တင်ပြဆွေးနွေးခဲ့သည်။

မြင်းမူမြို့နယ် ပြန်/ဆက်ဦးစီးဌာန ပြည်သူများအတွက် အကျိုးပြုစေသည့် စာဖတ်ဝိုင်းများနှင့် ပညာပေးTalk Showအစီအစဉ်များအား ပြုလုပ်တင်ဆက်ပေးလျှက်ရှိသည်။

အောင်စိုးဖေ(မြင်းမူ)