သတင်းများ

ဝါးခယ်မမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆို
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဇီဝဗေဒ ဘာသာရပ်နှင့်‌ ဘောဂ‌ဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြေဆီလွှာအာဟာရအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ထည့်သွင်းကြဲပက်
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာအာဟာရအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ထည့်သွင်းကြဲပက်ခြင်းကို ယမန်နေ့က ငါးကြီးဂရက်ကျေးရွာအုပ်စု၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ လယ်ဧက (၅၀) ပေါ်တွင် ထည့်သွင်းကြဲပက်သည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Apr 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အတွင်း  ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ကြိုတင်ကာကွယ်ရေး  အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီ   ကသင်္ဂတုံ ကျေးရွာအတွင်းရှိ  လမ်းဆုံနေရာများတွင်    မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊  ကျန်းမာရေး၀န်ထမ်းများ၊  ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့်  ပရဟိတ အဖွဲ့၀င်များကHand Speaker ဖြင့်လှည့်လည် နှိုးဆော်ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်၊လမ်း‌မကြီးပေါ်တွင် Flower Box များ တည်‌ဆောက်ခြင်းလုပ်ငန်း ရာနှုန်ပြည့်ပြီးစီး
Apr 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှအများပြည်သူများ သွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေနှင့်၊ ဒေသ‌နေပြည်သူများသွားလာမှု အဆင်‌ပြေစေရေးအတွက် ဒေသဖွံ့ဖြိုးရေးအတွက် လမ်းများ၊ တံတားများဆောင်ရွက်ပေးသည့်အပြင် မြို့သာယာလှပရေးအတွက် Flower Boxများ ကိုလည်းတည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးကုတ် မြို့နယ်၌ ပြည်သူများအား နိုင်ငံသားကတ်(မှတ်ပုံတင်) ပါ/မပါစစ်ဆေး
Apr 06,2022
မိုးကုတ်မြို့ တွင် ယမန်နေ့ နေ့လည်(၂ )နာရီအချိန်က အထက( ၁) ကျောင်းရှေ့ လမ်းဆုံနေရာ တွင် ခရီးသွားပြည်သူများအားလုံး နိုင်ငံသားကတ်(မှတ်ပုံတင်) ပါ/မပါ စတင်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အေးချမ်းပျော်ရွှင်စွာ ကျင်းပပြု လုပ်နိုင်ရေးနှင့် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Apr 06,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် မြန်မာနှစ်ဆန်း(၁) ရက်နေ့သက်ကြီး ပူဇော်ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၅ ရက် ညနေ ၃ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်သည်။
သစ်စိမ်းမြေဩဇာ ကြဲပက်ပွဲတော်သို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ပြီး ကညှော်တိုက်နယ်ဆေးရုံရှိ လူနာများအား ဖြည့်စွက်အဟာရ ပစ္စည်းပေးအပ်
Apr 06,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့ကျေးရွာ ကွင်းအမှတ် (၆၄၆)တောင်သူ ဦးသင်းနိုင်၏ လယ်မြေပေါ်တွင် ဧပြီ ၅ ရက်နေ့ နံနက်(၉)နာရီအချိန်က သစ်စိမ်းမြေဩဇာ ကြဲပက်ပွဲတော်ကို ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်၊ အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။