မိုးမိတ် ဧပြီ ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ၂၀၂၂ခုနှစ် မတ်လ ၃၁ ရက်နေ့မှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခဲ့ရာ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဖြေဆိုခဲ့ရနေ့လည် ၁၂ နာရီအချိန်က အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် စာစစ်ဌာနနှစ်ခုရှိပြီး မြို့နယ်ချုပ်အနေဖြင့် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ ဖြေဆိုမှုတွင် ပျက်ကွက်သူ ကျောင်းသား (၁၆)ဦး ၊ ၊ကျောင်းသူ (၁၃)ဦး ၊ ဖြေဆိုသူ ကျောင်းသား (၁၂၄)ဦး၊ ကျောင်းသူ (၂၃၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အဆိုပါဖြေဆိုရာ စာစစ်ဌာနများ တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျောင်းသား ၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
စည်သူဌေး (ခရိုင် ပြန်/ဆက်)