သိန္နီ ဧပြီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ဆဌမနေ့) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ကစတင်ကာ သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်း (၁) စာစစ်ဌာနတစ်ခုတည်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ်အတွင်းရှိ အထက(၁)၊အထက(၂)၊ အထက (နမ့်စလပ်)၊ အထက(ခွဲ)(စယ်အူ)၊ အထက(ခွဲ)(မိုင်းလီ)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများက စာစစ်ဌာနတစ်ခု တည်းဖြစ်သော အထက(၁)တွင် ဝင်ရောက်ဖြေဆိုခြင်းဖြစ်သည်။ သိန္နီမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုရန် စာရင်းပေးသွင်းထားသူ အတွင်းဖြေ (၁၇၂)ဦး၊ အပြင်ဖြေ (၅၄)ဦး၊ စုစုပေါင်း (၂၂၆)ဦးရှိရာ(ဆဌမနေ့) ဇီဝဗေဒဘာသာရပ် ကျောင်းတွင်းဖြေဆိုသူ(၅၅)ဦး၊ ပြင်ပမှဖြေဆိုသူ(၈)ဦး၊ စုစုပေါင်း(၆၃)ဉီးဖြေဆိုခဲ့ရာ ရာခိုင်နှုန်ူအားဖြင့်(၉၁.၃၀)ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ်တွင် အတွင်းဖြေဆိုသူ(၁၂၁)ဦးနှင့် အပြင်ဖြေဆိုသူ(၃၄)ဦး၊ စုစုပေါင်း (၁၅၅)ဦး ဖြေဆိုခဲ့ရာ ရာခိုင်နှုန်းအားဖြင့် (၉၁.၁၇)ရာခိုင်နှုန်း လာရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
စောဥမ္မာ(သိန္နီ)