ညောင်ဦး ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဧပြီ ၆ ရက်နေ့၊ နံနက် ၁၀နာရီအချိန်က စာအုပ်စာပေအကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အနာဂတ်နိုင်ငံတော်အတွက် ပညာတတ်လူတော်လူကောင်းများဖြစ်ကြစေရန် နွေကျောင်းပိတ်ချိန် ပြင်ပဗဟုသုတရှားမှီးရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှိ ပြည်သူ့စာကြည့်တိုက်များတွင် စာငှားကတ်ပြုလုပ်ပြီး စာပေဖတ်ရှုခြင်း၊ ပြင်ပသင်တန်း များဖြစ်သည့် အားကစားသင်တန်း၊ လက်ဆွဲပန်းချီရေးဆွဲခြင်း သင်တန်းများတက်ရောက်ခြင်း ဖြင့် ပြင်ပဗဟုသုတရှာကြရန်တို့အား ဒေါ်သူဇာစိုး(ဦးစီးအရာရှိ)မှဆွေးနွေးဟောပြောသည်။ ပြီးနောက်ဟောပြောပွဲတက်ရောက်လာသည့် လူငယ်လူရွယ်များက ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များအားဖတ်ကြားဆွေးနွေးကြကြောင်း သိရသည်။
ကိုထိန်၊KPD