ကျွန်းစုမြို့တွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် ခရီးသွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ကျွန်းစု ဧပြီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ အမြန်‌ရေယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသွားများအား ယမန်နေ့က ကာကွယ်ဆေးထိုးနှံခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူ ခရီးသွားများအား မြို့အဝင်ဆိပ်ကမ်းရှိ ခရီးသည်နား‌နေဆောင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။

စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ရှိ/ မရှိကို စစ်ဆေးခဲ့ပြီး ကာကွယ်ဆေး မထိုးနှံထားသူ ခရီးသွားများအား  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့အဝင်ဆိပ်ကမ်းအနီးရှိ ခရီးသည်များ နားနေဆောင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVAXIN) အား ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)