မင်းတုန်း ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ဆွေးနွေးပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက မဟာသင်္ကြန်ပွဲတော် ကျင်းပမည့်အခြေအနေနှင့် ရေကစားမဏ္ဍာပ်ဆောက်လုပ်မည့် အခြေအနေများအား ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့နောက် ဘဏ္ဍာငွေရှာဖွေးရေးကော်မတီမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်စိုးက ရန်ပုံငွေရရှိမှုနှင့် သုံးစွဲမည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆုရွေးချယ်ရေး ကော်မတီမှ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခိုင်က ယိမ်းပြိုင်ပွဲအတွက် စည်းကမ်းချက်များနှင့် ဖျော်ဖြေရေးအစီအစဉ် များအား ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)