ဘောဂလိမြို့တွင်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင် ပြသ

ဘောဂလိ   ဧပြီ    ၈

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ဘောဂလိမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ပြည်သူများ  အသိပညာဗဟုသုတရရှိစေရန်နှင့်  အလွယ်တကူလေ့လာဖတ်ရှုနို်ငရန်  ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက  ရုံးရှေ့မြေစိုက်ဘုတ်တွင်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် သစ်တောသစ်ပင်များ ဖြစ်ထွန်းစေခြင်းဖြင့်  ကျေးငှက်တိရစ္ဆာန်များ ထိန်းသိမ်းပေးခြင်း၊ ကျေးရွာ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအားဖြင့်  ဆင့်ပွားရရှိလာမည့် အကျိုးကျေးဇူးများအား  ရရှိခံစားနိုင်ခြင်း၊ ကျေးရွာပတ်ဝန်းကျင်တခွင် စိန်းလန်းစိုပြည်၍  အရိပ်အာဝါသရရှိစေခြင်း၊ ရအစိုဓါတ်ရရှိစေခြင်း၊ ထို့ကြောင့်  စိုက်ပျိုးပြီးသစ်ပင်များ လည်းရှင်သန်စေရေး  ရေလောင်းပေါင်းသင် ပုံမှန်ပြုလုပ်ပေးရန် လိုအပ်ခြင်းအစရှိသည့်  အသိပညာပေး အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။ 

ကြည်ကြည်ခိုင်(ဘောဂလိ)