ရွှေဘိုမြို့၌ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရေး လူမှုကွန်ယက်နှင့် ဒီဂျစ်တယ်မီဒီယာများ ဖန်တီးခြင်းဆိုင်ရာ လက်တွေ့ အသုံးချ နည်းကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်

ရွှေဘို  ဧပြီ  ၈

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်ပြီး သတင်း ရေးသားခြင်း နည်းပညာကျွမ်းကျင်မှု အရည်အသွေး မြင့်မားလာစေရန်နှင့် သတင်းမီဒီယာ ဆောင်ရွက်နေသော ဝန်ထမ်းများ အရည်အသွေး မြှင့်မားလာစေရေးတို့အတွက် လူမှုကွန်ယက်နှင့် ဒီဂျစ်တယ်မီဒီယာများ အတွက်ဖန်တီးခြင်းဆိုင်ရာ Content လက်တွေ့အသုံးချနည်း ကျွမ်းကျင်မှုသင်တန်းကို ​ရွှေဘိုခရိုင်၊ လူထုအခြေပြု ဗဟိုဌာနCommunity Centre)၌ ယမန်နေ့နေ့လည်(၁)နာရီတွင်  ဖွင့်လှစ်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ​ရွှေဘိုခရိုင် လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်အေးမြမွန်က ဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့်လူမှုကွန်ယက်နှင့် ဒီဂျစ်တယ် မီဒီယာများအတွက် ဖန်တီးခြင်းဆိုင်ရာ Content လက်တွေ့အသုံးချ နည်းကျွမ်းကျင် မှု သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သတင်းမီဒီယာဆောင်ရွက်နေသော ဝန်ထမ်းများ သတင်းရေးသားရာတွင် ကျွမ်းကျင် ပိုင်နိုင်စွာဖြင့် ရေးသားနိုင်ရန်အတွက် သတိပြုလိုက်နာရမည့် အကြောင်းအရာအချက်အလက်များ၊ သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေနှင့် တည်ဆဲဥပဒေများ ကိုသိရှိလိုက်နာလျက် ကျင့်ဝတ်နှင့်အညီ သတင်းရယူရေးသားဖော်ပြုကြရန်၊ ဒီဂျစ်တယ်နည်းပညာ၊ ခေတ်မီအိုင်တီနည်းပညာကို အသုံးချပြီးလုပ်ငန်း စွမ်းဆောင် ရည်မြင့်မားလာစေရန် စနစ်တကျ သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့် နောက်ပိုင်းတွင်လည်း ဆက်လက် ဆည်းပူး လေ့ကျင့်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်ပြဆရာမထားဝယ်ခရိုင်လက်​ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်မာဖြူက Zoomဖြင့် သင်တန်းပို့ချမည့် ဘာသာရပ်များ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား​ပြီး သင်ခန်းစာများ ဆက်လက်ပို့ချပေး ခဲ့ကြောင်းသိရသည်။ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေ ပြုဗဟိုဌာန (Community Centre)များတွင် ပြည်သူများအတွက် အကျိုးပြုစေမည့် သင်တန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းများ၊ ကွန်ပျူတာသင်တန်းများ၊ အစည်းအဝေး၊ ဆွေးနွေးပွဲများနှင့် ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။   ယခုဖွင့်လှစ်သည့် သင်တန်းသို့ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဌာန အတွင်းရှိ ဝန်ထမ်း (၁၈)ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ လုပ်ငန်းခွင်မပျက်(၂)ရက် သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

စိုးသီဟ(ရွှေဘို)

ခရိုင်ပြန်/ဆက်