ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံး (Community Centre ) ခန်းမတွင် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ကျင်းပ

သာကေတ ဧပြီ ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community  Centre) ခန်းမတွင်   လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ်   ကျောင်းသား၊ ကျောင်းသူများ အားကာယဉာဏဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀) နာရီတွင်  ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆောင်းနှင်းဖြူက   နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင်  ပြင်ပဗဟုသုတများ ရရှိစေရန်  ရည်ရွယ်၍ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကာယစွမ်းရည်ပြိုင်ပွဲအဖြစ် ပူးဘောင်းဖောက်ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပထမ၊ ဒုတိယ၊ တတိယနှင့်  နှစ်သိမ့်ဆုများကို ချီးမြှင့်ပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံး (Community Centre) ခန်းမတွင်  နွေရာသီကျောင်း ပိတ်ရက်၌ လူငယ်ဘက်စုံဖွင့်ဖြိုးရေး အစီအစဉ်အဖြစ် ကာတွန်းအခြေခံရေးဆွဲနည်း သင်တန်းနှင့်ပြပွဲ၊ ပြိုင်ပွဲများအား ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)