သတင်းများ

မော်လမြိုင်မြို့၌ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း
Apr 20,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ပွင့်လင်းရာသီကာလ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် လျှပ်စစ်ပို့လွတ်သည့် ဓာတ်အားလှိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်များ၏ ကိုင်းဖျားကိုင်းနားများ ခုတ်ထွင် ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးက သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် အ‌ခြေခံရှေးဦးသူနာ ပြုစုနည်းသင်တန်းဖွင့်လှစ်
Apr 20,2022
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ် ရုံး Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံရှေးဦး သူနာပြုစုနည်း သင်တန်းဖွင့်လှစ်
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမ၌ အခြေခံ ရှေးဦးသူနာပြုစုနည်းသင်တန်းကို မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြောင်းမြခရိုင် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်ပို့ချ
Apr 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်းသင်တန်းကို ယနေ့ နံနက် ( ၁၀ ) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ကျင်းပရာ တာဝန်ရှိသူများ ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား ၊ သင်တန်းသူများ တက်ရောက်ကြသည် ။
လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ အခြေခံရှေးဦးပြုစုနည်းသင်တန်းဖွင့်လှစ်
Apr 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်း လူငယ်လူရွယ်များအား အခြေခံရှေးဦးပြုစုခြင်းနှင့်ပတ်သက်၍ သိရှိနိုင်စေရန်နှင့် လူနာများအား ရှေးဦးပြုစုရာတွင် စနစ်တကျ ဆောင်ရွက်တတ်စေရန်အတွက် အခြေခံရှေးဦးပြုစုနည်းသင်တန်းကို ကျေးရွာများအ‌ရောက် ဖွင့်လှစ်သင်ကြားဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ရှေးဦးပြုစုခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာနရုံး၌ ဖွင့်လှစ်သင်ကြားခဲ့ ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Book Club နှင့် " မျှော်လင့်ချက်မဲ့ အခြေအနေ ဆိုတာမရှိဘူး " စာဖတ်ဝိုင်း ဆောင်ရွက်
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်း ရေးသားသော "မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာမရှိဘူး" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ် ဒေသထွက်ဓနိ မိုးကြိုကာလ၌ ဈေးကောင်းရရှိနေ
Apr 20,2022
ပင်လယ်ရေငန် ဒေသများနှင့် ဒီရေတောဒေသများတွင် ပေါက်ရောက်လေ့ရှိသည် ဓနိပင် များသည် မြစ်ဝကျွန်းပေါ် ဒီရေတောဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အောက်ဘက်တစ်လျှောက် ပေါများစွာ ပေါက်ရောက်လေ့ရှိရာ ယခုကဲ့သို့ မိုးရာသီ ရောက်ခါနီး မိုးကြိုကာလ၌ ဘိုကလေး‌ဒေသထွက် ဓနိများ ဈေးကွက်အတွင်း၌ ဈေးကောင်းရရှိလျက်ရှိသည်။