လေပြင်းတိုက် ခိုက်မှုကြောင့် သစ်ပင်အချို့နှင့် လမ်းမီးဓာတ်တိုင်များ လဲကျပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပွား
Apr 19,2022
ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ ည ၇ နာရီအချိန် လေပြင်းတိုက် ခတ်မှုကြောင့် သံလျက်မော် တောင်ရပ်ကွက်၊ ကန်တော်ကြီးပတ်လမ်း၊ ဘဲလေး ကျွန်းမြောက် ဘက်ရှိ ဗို့အား ၁၀၀၀ ဓါတ်အား အရှည် ၉ မီတာရှိ ဓါတ်မီးတိုင်(၁)တိုင်၊ အလားတူ မြို့သစ် (၁) ရပ်ကွက်၊ ၇၃လမ်း၊ သိပ္ပံလမ်းနှင့် ၁၀၂ လမ်းကြားယူကလစ်ပင်(၅) ပင်၊ အရှည် ၉ မီတာရှိ သံပေါင် လျှပ်စစ်ဓါတ်မီးတိုင် (၁)တိုင်၊ အောင်သာယာ ရပ်ကွက်၊ ၄၄ လမ်း၊ မြို့ပတ်လမ်းနှင့် ၁၁၆ လမ်းကြားရှိ ယူကလစ်ပင် ၁ ပင်၊ အရှည် ၅ မီတာရှိ ကွန်က ရစ် လျှပ်စစ်ဓာတ်တိုင် ၃ တိုင်၊ သံပေါင်လျှပ်စစ် ဓါတ်မီးတိုင် (၃)တိုင် လဲကျပြီးလမ်း ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။