သတင်းများ

တံတားဦးမြို့နယ်တွင်  ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး၊မပြီး ခရီးသွားပြည်သူများအား စစ်ဆေးခြင်းနှင့်ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်
Apr 20,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်မှ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အသက်(၁၈)နှစ် အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် Mobile စနစ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည် ။
မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် စွန့်လွှတ်မြေ ပြန်လည်ပေးအပ်ပွဲကျင်းပ
Apr 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စွန့်လွှတ်မြေပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းနှင့် ဦးသန်းဇော်ထွန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းခိုင်၊ မုံရွာမြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မူလပိုင်ရှင် ဦးလူခင်တို့ တက်ရောက်ခဲ့ကြသည်။
ပန်းတနော်မြို့၌ (Grade-5) သင်ရိုးသစ် ဗဟိုအဆင့် (TOT) နည်းပြ Zoom Training သင်တန်း သင်ကြားပို့ချ
Apr 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 သင်ရိုးသစ် ဗဟိုအဆင့် (TOT) နည်းပြ Zoom Training သင်တန်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) ပန်းတနော် မြတ်ပညာခန်းမ၌ ကျင်းပ​ပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် ဂန္ဓာမာပန်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင် ငွေရရှိ
Apr 20,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် ဘုရားပန်းများဖြစ်သည့် နှင်းပန်း မေမြို့ပန်း၊ ပန်းတိမ်မနိုင်များစိုက်ပျိုးသည့်အပြင် ဂန္ဓာမာပန်းများလည်း စိုက်ပျိုးရောင်းချ ခြင်းဖြင့် မိသားစု စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာ၌  အခြေခံပန်းချီသင်တန်း ဖွင့်လှစ်ပို့ချ
Apr 20,2022
မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့် လှစ်သော အခြေခံပန်းချီသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင်ပြန်/ဆက်ရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ဖွင့်လှစ်ပို့ချကြောင်း သိရသည်။
ကံမမြို့၌ ဆီထွက်သီးနှံ မိုးနေကြာစီမံကိန်း တာဝန်ပေးအပ်ပွဲကျင်းပ
Apr 20,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၂-၂၀၂၃ သီးနှံနှစ် ဆီထွက်သီးနှံဖြစ်သည့် မိုးနေကြာစီမံကိန်း တာဝန်ပေးအပ်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့်အဖွဲ့ဝင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြသည်။
ချောက်မြို့ရှိ စက်သုံးဆီအ​ရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Apr 20,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၌ ယမန်​နေ့နံနက်၁၀နာရီအချိန်က မြို့နယ်စားသုံးသူ​ရေးရာတာဝန်ခံနှင့် ဝန်ထမ်းများ ပူး​ပေါင်း၍ စက်သုံးဆီအ​ရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် (Community Centre) ခန်းမတွင် လျှပ်စစ်မီး ချွေတာသုံးစွဲရေး အသိပညာပေး Talk     Show   ဆောင်ရွက်
Apr 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်  လျှပ်စစ်မီးချွေတာသုံးစွဲခြင်း ဆိုင်ရာ အကြောင်းအရာများကို သိရှိစေရန်နှင့် ပြည်သူများလိုက်နာကြစေရန်အတွက် လျှပ်စစ်မီးချွေတာ သုံးစွဲရေး အသိပညာပေး Talk     Show   ကို       ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗ ဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။