ပျော်ဘွယ်မြို့နယ်တွင် အ‌ခြေခံရှေးဦးသူနာ ပြုစုနည်းသင်တန်းဖွင့်လှစ်

ပျော်ဘွယ် ဧပြီ ၂၀

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ် ရုံး Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး  မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူးသန်းဝင်းက သင်တန်းတွင် စာတွေ့လက်တွေ့ပို့ချမည့် အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး သန်းဝင်းနှင့် နည်းပြနှစ်ဦးတို့က သင်တန်းကိုပို့ချရာ အခြေခံဘာသာရပ်များဖြစ်သည့် လူနာပြုစုနည်းများ၊ စမ်းသပ်နည်းများ၊ လူနာသယ်ဆောင်ရာတွင် သတ်ပြုရမည့်အချက်များ၊ ကူညီကယ်ဆယ်ခြင်း စသည်တို့ကို ရှင်းလင်းပို့ချကြသည်။

အဆိုပါ အခြေခံရှေးဦးသူနာပြစုနည်းသင်တန်းကို နှစ်ရက်တာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၄၁)ဦးတက်ရောက်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)