မော်လမြိုင်မြို့၌ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

မော်လမြိုင်  ဧပြီ ၂၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ပွင့်လင်းရာသီကာလ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် လျှပ်စစ်ပို့လွတ်သည့် ဓာတ်အားလှိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်များ၏ ကိုင်းဖျားကိုင်းနားများ ခုတ်ထွင် ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးက သိရသည်။

ထိုသို့ခုတ်ထွင် ရှင်းလင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယု၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်စည်ပင်ဝန်ထမ်းများက ပွင့်လင်းရာသီ ကာလအတွင်း ဖြစ်ပွားလေ့ရှိသော လျှပ်စစ်အန္တရာယ်နှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရန် သဘာဝဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်(ပြန်/ဆက်)