ပန်းတနော်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေး

ပန်းတနော် ဧပြီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေးများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများက နေ့စဉ်ရပ်ကွက်ကျေးရွာများ အရောက် ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လိုက်လံထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများက ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက် (၄)ခုနှင့် ကျေးရွာအုပ်စု (၅၂)အုပ်စုတို့တွင် သက်ဆိုင်ရာအဖွဲ့များခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရ သေးသော ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)