မိတ္ထီလာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မန်ကျည်းပင်ပြိုလဲ၍ လမ်းပိတ်ဆို့မှုဖြစ်ပေါ်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်း

မိတ္ထီလာ ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ယမန်နေ့မွန်းလွဲ နာရီ ၃၀ မိနစ်အချိန်က လေပြင်း တိုက်ခိုက်မှုကြောင့်  မြို့မရပ်ကွက်အတွင်းရှိ မန်ကျည်းပင်ပြိုလဲ၍ ဓာတ်တိုင်နှင့် ဖုန်းတိုင်များပေါ်သို့ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပေါ်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မြို့မရပ်ကွက်အတွင်းရှိ လုံးပတ်  ပေ၊ အမြင့် ပေ ၄၀ ခန့်ရှိ မန်ကျည်းပင်ပြိုလဲ၍ ဓါတ်တိုင်တစ်တိုင်နှင့် ဖုန်းတိုင်နှစ်တိုင်ပေါ်သို့ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါ သစ်ပင်လဲကျရာနေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)