သိန္နီ မေ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Communiy Centre) ခန်းမတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူး ထုတ်လွှင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ လူငယ်များကျန်းမာကြံ့ခိုင်စေရန်အတွက် သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများမှ Physical Fitness Dance ကိုယ်လက်လှုပ်ရှား အားကစားဖြင့် ဒေသခံပြည်သူများ လိုက်ပါဆောင်ရွက်နိုင်ရေး သရုပ်ပြရိုက်ကူးခဲ့သည်။ အဆိုပါ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်မှ ဒေသတွင်းနေထိုင်ကြသောလူငယ်များမှ ကျန်းမာရေးတွင် စိတ်ပါဝင်စားရေးပြီး နိုင်ငံတော်တွင် ကျန်းမာသန်စွမ်းသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များအနေဖြင့် မူးယစ်စေသော ဆေးဝါးများသုံးစွဲခြင်း မှကာကွယ်ရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရိုက်ကူးခြင်းဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်များကို သိန္နီမြို့နယ် we love Hseni Page နှင့် သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုထံမှ သိရသည်။
စောဥမ္မာ (သိန္နီ)