ဒဂုံ မေ ၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်း အရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင်ယမန်နေ့နံနက် (၉:၀၀) နာရီမှ (၁၂:၃၀)နာရီ အချိန်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယ အကြိမ် ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆေးထိုးနှံရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Astra Zeneca)ဆေးထိုးနှံခြင်းအား ဒဂုံမြို့နယ်အတွင်းရှိ ဘုရားကြီးရပ်ကွက်နှင့် ဦးဝိစာရရပ်ကွက်တို့မှ အသက် (၁၈)နှစ်နှင့်အထက် ရပ်ကွက်နေ ပြည်သူ ကျား(၂၀)ဦး၊ မ (၂၀)ဦး လူဦးရေ စုစုပေါင်း (၄၀) ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၁၀ ဦးနှုန်းဖြင့် (၄၀) ဦးအတွက် ဆေးအလုံးရေ (၄)လုံးအား ထိုးနှံပေးခဲ့သည်။
ထို့ပြင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD)ထိုးနှံခြင်း လုပ်ငန်းအားလည်း ယောမင်းကြီးရပ်ကွက်၊ ဦးဝိစာရ ရပ်ကွက်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ဘုရားကြီး ရပ်ကွက်နှင့် ပြည်လမ်း အနောက်ရပ်ကွက်တို့မှ အသက် (၁၈) နှစ်နှင့်အထက် ရှိသူကျား( ၂၀ )ဦး၊မ (၃၅) ဦး စုစုပေါင်း (၅၅) ဦး အား ဆက်လက်ထိုးနှံပေးခဲ့ကြရာ ကာကွယ်ဆေးတစ်လုံး လျှင် (၁၁)ဦးနှုန်းဖြင့် (၅၅) ဦးအတွက် ဆေးအလုံးရေ(၅)လုံးအား ထိုးနှံပေးခဲ့ရာ ပထမ အကြိမ်နှင့် ဒုတိယအကြိမ် ကျား( ၄၀) ဦး၊ မ ( ၅၅ )ဦး၊ စုစုပေါင်း (၉၅) ဦးတို့ လာရောက် ထိုးနှံခဲ့ကြ ပါသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရ သည်။ ကာကွယ်ဆေးထိုးနှံပေးရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံ တစ်ရာ မရှိစေရေးအတွက် ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မေသန္တာ