(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ ဆွမ်းဆက်ကပ်လှူဒါန်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကော့သောင်း မေ ၃

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုက်ပြုသောအားဖြင့် ကော့သောင်းမြို့နယ် မီးသတ်စခန်းတွင် မေလ ၂ရက်နေ့ နံနက်ပိုင်းက  သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက် တောင်ပေါ်ပတိယတ္တိစာသင်တိုက်ကျောင်းတိုက်ဝင်းရှိ ရှင်သာလျောင်းရုပ်ပွားတော်မြတ်၊ နဂါးရုံဘုရား၊ စေတီတော်နှင့်ဆင်းတုတော်များအား ကော့သောင်းခရိုင်/ မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင် ၁၃ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၈ဦး၊ မိသားစုဝင်များပူးပေါင်း၍ ရေသပ္ပါယ်ခြင်း၊ ဘုရားပန်းကပ်လှူပူဇော်ခြင်း၊ ဘုရားပရဝုဒ်အတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)