သတင်းများ

ရှမ်းရွာသစ်မြို့တွင် သဘာဝပျားရည်စစ်စစ် ဈေးကောင်းရရှိ၍ ဒေသနေပြည်သူများ အဆင်ပြေ
May 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ တစ်ပိုင်တစ်နိုင် သဘာဝပျားရည်စစ်စစ် ရောင်းချသည့်လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် “မြို့ကြီးများနှင့်ကျန်းမာရေးပြဿနာများ” စာအုပ် စာဖတ်ဝိုင်းကျင်းပ
May 04,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ မေ ၂ ရက် မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် ကိုယ်ဝန်‌ဆောင်၊ နို့တိုက်မိခင်(၁၀)ဦး၊ အသက်(၁၈)နှစ်နှင့်အထက် (၁၅)ဦး၊ (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Actra Zeneca) (၂၀၀)ဦးတို့ကို ကာကွယ်ဆေးထိုး ထိုးနှံပေးနိုင်ခဲ့
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မိခင်ကလေးဌာန၊ စက်ဒေါင့်ကြီး ကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ဥသျှစ်‌ကျေးရွာ၊ ဒါးကညောင်ကုန်းကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာ၊ မကျည်းကုန်းကျေးရွာ၊ ဆိပ်သာကျေးရွာ၊‌ ခေနန်ကျေးရွာ၊ ဆောင်ဘုံကျေးရွာ၊ ကုလားဝဲကျေးရွာ တို့တွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများ အရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ(Sinovac) ထိုးနှံပေးလျက်ရှိသည်။
တောင်တွင်းကြီးမြို့နယ် တရုတ်ကောမူလတန်းကြိုကျောင်း စတင်ဖွင့်လှစ်သင်ကြား
May 04,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သဖန်းကုန်း ကျေးရွာထိပ်ရှိ တရုတ်ကောစံပြ မူလတန်းကြိုကျောင်းကို မေလ(၂)ရက်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့၌ သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ထည့်သွင်းခြင်းတောင်သူ အသိပညာပေး
May 04,2022
စိုက်ပျိုးလုပ်ကိုင်တောင်သူဦးကြီးများ၏ သဘာဝလယ်ယာမြေများ၌ ဓာတ်မြေဩဇာများ ထည့်သွင်းသုံးစွဲမှုများပြားလာမှုကြောင့် သဘာဝမြေလွှာ မြေဆီ၊ မြေနှစ်များ လျော့နည်းခမ်းခြောက်လာမှုကြောင့် စိုက်ပျိုးပင်နှင့် အသီးအနှံအထွက်နှုန်း ကျဆင်းလာနိုင်သဖြင့် မိမိတို့၏လယ်ယာမြေများအား ပြန်လည်ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာပြီး စိုက်ပျိုးပင်နှင့် အသီးအနှံအထွက်နှုန်း တိုးတက်ကောင်းမွန် လာစေရေးအတွက် သဘာဝသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းကြဲပက်စိုက်ပျိုးခြင်း တောင်သူအသိပညာပေး ဆောင်ရွက်ခြင်းကို ညနေ(၄)နာရီအချိန်က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ မီးဇိုင်းကျေးရွာရှိ တောင်သူဦးစိုးလှိုင်၏ မြို့မစံပြစိုက်ကွင်း၌ ပြုလုပ်ကျင်းပသည်။
ပိုင်ကျုံမြို့ မိကြောင်ကျေးရွာ၌  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ကွင်းဆင်း ထိုးနှံပေး
May 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ  ပိုင်ကျုံမြို့၊   မိ‌ကြောင်ကျေးရွာအုပ်စု၊  မိကြောင်ကျေးရွာ၌  ဒုတိယအကြိမ်    ကာကွယ်ဆေးထိုးနှံရမည့် ပြည်သူ (၈၈)ဦးအား ယမန်‌နေ့က ကွင်းဆင်းထိုးနှံ‌ပေးလျက်ရှိကြောင်း သိရ သည်။
တာမွေမြို့နယ်အတွင်းရှိ ပြည်သူခုနှစ်သောင်းခြောက်ထောင်ကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအကြိမ်ပြည့် ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်
May 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍
သာပေါင်းမြို့နယ်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် မီးသတ်ဦးစီးဌာနမှ ငြိမ်းချမ်းပြည့်ဝ အောင်သိဒ္ဓိစေတီတော် ပုရဝဏ်ရင်ပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၂-ခုနှစ် မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ယမန်နေ့ ညနေ ၃ နာရီအချိန်မှ စတင်၍ အမှတ်(၂)ရပ်ကွက်၊ မှန်စီကျောင်း လမ်း၊ ငြိမ်းချမ်းပြည့်ဝ အောင်သိဒ္ဓိစေတီတော် ပုရဝဏ်ရင်ပြင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။