ပိုင်ကျုံမြို့ မိကြောင်ကျေးရွာ၌  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ကွင်းဆင်း ထိုးနှံပေး

ပိုင်ကျုံ မေ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ  ပိုင်ကျုံမြို့၊   မိ‌ကြောင်ကျေးရွာအုပ်စု၊  မိကြောင်ကျေးရွာ၌  ဒုတိယအကြိမ်    ကာကွယ်ဆေးထိုးနှံရမည့် ပြည်သူ (၈၈)ဦးအား ယမန်‌နေ့က ကွင်းဆင်းထိုးနှံ‌ပေးလျက်ရှိကြောင်း သိ သည်။

ပိုင်ကျုံမြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှ စတင်ထိုးနှံ‌ပေးလျက်ရှိပြီး ‌မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများ ကာကွယ်ဆေး ရာနှုန်ပြည့်ထိုးနှံနိုင်ရေး အတွက် မြို့နှင့်အလှမ်းဝေးသော ကျေးရွာအုပ်စုများ၊ သွားလာရန်ခက်ခဲသောကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်‌ ကျေးရွာများအရောက် ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ‌ယခုအခါ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း (၁၄၉၄၇)ဦးရှိပြီးဖြစ်ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည် သူများအဆင်‌ပြေလွယ်ကူစေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)