ပုဗ္ဗသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲကျင်းပ
May 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနမှ “လူငယ်အင်းအား စွမ်းပကားဖြင့်၊ နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့” ဆောင်ပုဒ်ကဲ့သို့ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်၊ နောင်တစ် ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓါတ် များ ရှင်သန်ထက်မြက်လာစေရန်၊ ဗလငါးတန် ပြည့်စုံစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိ ပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲကို ယနေ့နံနက်(၈) နာရီက ပုဗ္ဗသီရိမြို့နယ်၊ အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း (YGW) မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ကျောင်း၌ ကျင်းပသည်။