သတင်းများ

စလင်းမြို့နယ် ရေပေါ်ကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ (၂)ထပ်ကျောင်းဆောင် ဆောက်လုပ်မှု (၁၀၀)ရာခိုင်နှုန်းပြီးစီး
May 04,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရေပေါ်ကျွန်းကျေးရွာ အခြေခံပညာ ဦးစီးဌာန (၂)ထပ် ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုအား ယမန်နေ့ ၁၁ နာရီအချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များက ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုနှင့် ရေရှည်တည်တံ့စေရန်အတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရာသီပေါ် တညင်းသီး ယခုနှစ်တွင် ဈေးကောင်းရရှိ
May 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယခုနှစ် ရာသီပေါ်တညင်းသီး ယခင်နှစ်ထက် ဆယ်ဆနီးပါး ဈေးရရှိကြောင်းသိရသည်။ ရေဖြူဒေသထွက် တညင်းသီးကို ဒေသခံများ စားသုံးမှုအပြင် ရန်ကုန်မှတဆင့် မြန်မာပြည်အနှံ့အပြားသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာဘာသာရပ် (ဒုတိယနေ့) လွိုင်ကော်မြို့၌ ဆက်လက်ကျင်းပ
May 04,2022
ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော် ကြီး၌ ဧပြီလ ၃၀ရက်နေ့၌ စတင်ဆင်ယင် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့တွင် သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ ဘာသာရပ်(ဒုတိယနေ့)ကို စာဖြေ သံဃာ ၂၄ ပါးက အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုလျက်ရှိသည်။
မြန်အောင်၌ ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ထုတ်သီးသန့် စိုက်ပျိုးမည့် တောင်သူများနှင့် နည်းပညာဆွေးနွေးပွဲ ကျင်းပပြုလုပ်
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ထုတ် သီးသန့် စိုက်ပျိုးမည့် တောင်သူများနှင့် နည်းပညာ ဆွေးနွေးပွဲကို ယမန်နေ့က အင်ပင်မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရန် ကျေးရွာများအရောက် လိုက်လံအသိပညာပေးနှိုးဆော်မှုဆောင်ရွက်
May 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း “အိုမီခရွန်” ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကိုနှင့် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် လိုက်လံအသိပညာပေးနှိုးဆော် မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စု ထန်းတပင်-မဲသပုံ-ကွီးကျယ် ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
May 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မား လာစေရေးနှင့် သွားလာရေးလွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ ကျေးလက်လမ်း ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထန်းတပင် ကျေးရွာအုပ်စု၊
အုတ်ဖိုမြို့နယ်တွင် လေဘေးထောက်ပံ့ငွေပေးအပ်
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ အောင်သုခကျေးရွာတွင် ဧပြီလ ၂ ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီး နေအိမ်၂လုံးအတွက် ယနေ့နံနက်ပိုင်းက လေဘေးထောက်ပံ့ ငွေပေးအပ်ခဲ့ကြောင်း သိရ သည်။
ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပုံပြင်ပြော ပြိုင်ပွဲကျင်းပ
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။