သတင်းများ

စမ်း​ချောင်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
May 04,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်း တွင် ယနေ့နံနက်(၀၉:၀၀)နာရီ အချိန်က အသက်(၁၅)မှ(၁၈)အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံသူ(၈)ဦးအား Sinovac ထိုးနှံပေးခြင်းနှင့်အသက်(၁၈)အထက် ကိုဗစ်ရောဂါကာကွယ် ဆေးမထိုးနှံရသေးသူများအား ပထမအကြိမ်(Astra Zeneca) ထိုးနှံသူ(၂၂)ဦး၊ ဒုတိယ အကြိမ် (covishield) ထိုးနှံသူ(၃၃)ဦး နှင့် တတိယအကြိမ် Astra Zeneca ထိုးနှံသူ (၁၆၃)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံ သူ (၂၂၆)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
မိုင်းယုမြို့ ဆမ်မိန်းကျေးရွာရှိ “ဝိမုတ္တိရသ(လွတ်ငြိမ်းချမ်းသာ)စေတီတော်မြတ်ကြီး” ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို သုံးရက်တိုင်တိုင် ကျင်းပမည်
May 04,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ဆမ်မိန်းကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းအတွင်း တည်ထားကိုးကွယ်တော်မူသော “ဝိမုတ္တိရသ (လွတ်ငြိမ်းချမ်းသာ) စေတီတော်မြတ်ကြီး” ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို မေ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
နတ်တလင်းမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 04,2022
မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့နံနက် ၉ နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အင်္ဂလိပ် Speaking Practice သင်တန်းဖွင့်လှစ်
May 04,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် အင်္ဂလိပ် Speaking Practice ကို ယမန်နေ့ နံနက်ပိုင်းတွင် လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားစေတီများနှင့် ဇရပ်တန်ဆောင်းများအားသန့်ရှင်းရေးပြုလုပ်
May 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်၊ ယနေ့နံနက်(၈)နာရီက သာယာအေး ရပ်ကွက်ရှိ လေးရွာဘုန်းတော်ကြီးကျောင်း ဝန်းအတွင်း ဘုရားစေတီများအား ရေသပ္ပါယ်ခြင်းနှင့် ကျောင်းပရဝဏ် နှင့်ဇရပ်များအတွင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
May 04,2022
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကာ အမှာစကားပြောကြားသည်။
မိုင်းပန်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်
May 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်မှုအနေဖြင့် ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှုမရှိစေရေးအတွက် လောက်လန်းသေဆေး (Abate) အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းလုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
May 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပန်ဝိုးကျေးရွာအတွင်းရှိ ပြည်သူများကို မိုင်းလုံမြို့ရှေ့တန်းရုံးမှ လဝကဦးစီးမှူး ဦးအောင်ကျော်စိုးနှင့် ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။