သတင်းများ

ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူများအား ဆက်လက် ထိုးနှံပေး
May 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန် အကျုံးဝင်သူများအား ယနေ့နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကျောက်အိုင် ကျေးရွာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများ ဆောင်ရွက်
May 04,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မီးပွိုင့် လမ်းဆုံနေရာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စစ်တွေမြို့၌ နိုင်(၄)မှတ်တမ်းများ Software အသုံးပြု၍ စိစစ်ရေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
May 04,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မြို့နယ်အလိုက် ထုတ်ပေးထားသည့် နိုင်(၄)မှတ်တမ်းများ Software အသုံးပြု၍ စိစစ်ရေးသွင်းထားသော လူဦးရေစာရင်းများနှင့် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးပြီး ပြုစုမှန်ကန်သည့် အခြေခံမဲဆန္ဒရှင်စာရင်းများ ရရှိနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ၂ နာရီချိန်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မင်းလှမြို့ ဝေဠုဝန်‌ပရိယတ္တိစာသင်တိုက်ကြီး၏ သက်‌တော်ရှည်ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူ
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဝေဠုဝန် ပရိယတ္တိစာသင်တိုက်ကြီး၏ဦးစီးပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ် သက်တော်(၉၈)နှစ်၊ ဝါတော်(၇၈)ဝါရှိ ဆရာတော်ဘုရားကြီးသည် ယမန်နေ့နံနက်(၉:၄၅) အချိန်ခန့်က ဘဝနတ်ထံပျံလွန်တော်မှုသွားခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် လေပြင်း တိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် အမိုးလန်ပြိုကျ ပျက်စီးသွားသော စာသင်ကျောင်းဆောင်နှင့် လူနေအိမ်များအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
May 04,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မေလ ၂ ရက် ည ၆ နာရီခွဲအချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် အမိုးလန်ပြိုကျပျက်စီးသွားသော စာသင်ကျောင်းနှင့် လူနေအိမ်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး
May 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအတွက် အသိပညာဗဟုသုတများရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Online မှတစ်ဆင့် သုတ၊ ရသစာအုပ်စာ‌စောင် မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်းအစီအစဉ်များကို ရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(၇၆)နှစ်မြောက်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ‌ဆွမ်းကပ် လှူဒါန်း
May 04,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ၂၀၂၂ ခု နှစ်  မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆွမ်းကပ်လှူဒါန်းမှု အခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက  ဝံသပါလမိဘမဲ့ပရဟိတရကျောင်း ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။