သာပေါင်း မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၂-ခုနှစ် မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ယမန်နေ့ ညနေ ၃ နာရီအချိန်မှ စတင်၍ အမှတ်(၂)ရပ်ကွက်၊ မှန်စီကျောင်း လမ်း၊ ငြိမ်းချမ်းပြည့်ဝ အောင်သိဒ္ဓိစေတီတော် ပုရဝဏ်ရင်ပြင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ ကြသည်။
ထိုသို့ ငြိမ်းချမ်းပြည့်ဝ အောင်သိဒ္ဓိစေတီတော် ပုရဝဏ်ရင်ပြင် သန့်ရှင်းရေးများ ဆောင်ရွက် ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်သူလွင်၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်ဝေလွင် ဦးဆောင်၍ သန္ဓေမီးသတ်(၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦးတို့က ပုရဝဏ်ရင်ပြင်အတွင်း သန့်ရှင်းရေးများ ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)