မြို့သစ် မေ ၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ မေ ၂ ရက် မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင် ဆရာကြီးများမှ ၂၀၁၆ ခုနှစ်၊ စာပေဗိမာန်စာမူဆု သုတပဒေသာ(သိပ္ပံနှင့်အသုံးချသိပ္ပံ)တတိယဆုရ ရှိသည့် စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ရေးသားသည့် “မြို့ကြီးများနှင့် ကျန်းမာရေးပြဿနာများ” စာအုပ်ပါ မြို့ကြီးများနှင့် ကျန်းမာရေး၊ တိုက်ခန်းယဉ်ကျေးမှု၊ မြို့ကြီးများနှင့် လေထုညစ်ညမ်းမှု၊ မြို့ကြီးများနှင့် အပူချိန် မြင့်မားလာမှု၊ သစ်ပင်စိုက်ပါကျန်းမာမှာ၊ မြို့ပြများနှင့်သစ်ပင်များ၊ ဂျာမနီနိုင်ငံဥယျာဉ်မြို့၊ ကျန်းမာရေး အထောက်အကူပြု အိမ်တွင်း သစ်ပင်ပန်းပင်များ၊ ပြည်သူ့အတွက် နားနေရန်နေရာများ၊ ကွင်းပြင်များ၊ မြို့ကြီးများနှင့် ရေသန့်စင်အသုံးချမှု၊ မြို့ကြီးများ၏ အမှိုက်သရိုက်များ စွန့်ပစ်မှုနှင့်ကျန်းမာရေး ပြဿနာများ၊ မြို့ကြီးများနှင့်မြေငလျင်၊ မြို့ကြီးများနှင့်ဆူညံသံများ၊ ပြီးပြည့်စုံသောမြို့ စသည အကြောင်းအရာ များကို စာဖတ်သူများလေ့လာသိရှိနိုင်စေရန် (Book Club)အဖွဲ့ဝင်များမှ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)