သာပေါင်း မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မိခင်ကလေးဌာန၊ စက်ဒေါင့်ကြီး ကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ဥသျှစ်ကျေးရွာ၊ ဒါးကညောင်ကုန်းကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာ၊ မကျည်းကုန်းကျေးရွာ၊ ဆိပ်သာကျေးရွာ၊ ခေနန်ကျေးရွာ၊ ဆောင်ဘုံကျေးရွာ၊ ကုလားဝဲကျေးရွာ တို့တွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများ အရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ(Sinovac) ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ကျဌာနဆိုင်ရာများမှ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ကျေးရွာများအရောက် အိမ်တိုင်ရာရောက် လှည့်လည် ရှင်းလင်းပြောကြား ကြည့်ရှုအားပေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရာ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်(၁၀)ဦးတို့ကို ဆေးထိုးစုရပ်ပြုလုပ်၍ (Covaxin) ထိုးနှံပေးပြီး၊ အသက် (၁၅)နှစ်မှ အသက်(၁၈)နှစ်အတွင်း (၁၄၄)ဦး(Sinavac)၊ အသက်(၁၈)နှစ် နှင့်အထက် တစ်ကြိမ် တစ်ခါမှ ကာကွယ်ဆေးမထိုးနှံရသေးသူ Phase-10 (၁၅)ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး Phase-8/9 (၂၅၀)ဦး (Covid Shield)၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Actra Zeneca) (၂၀၀)ဦး စုစုပေါင်း ပြည်သူ (၆၁၉)ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)