သတင်းများ

ပြင်ဦးလွင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ ကျင်းပ
May 04,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက် နေ့က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသော ပြင်ဦးလွင်မြို့နယ် ပန်းဦးတောင်ကျေးရွာအုပ်စု၊ ပန်းဦးတောင်ကျေးရွာနှင့် အုတ်ဖိုကျေးရွာ၊ စိုးမိုးအိုင် ကျေးရွာအုပ်စု ၊ ရွှေကျားကျေးရွာတို့မှ ပြည်သူများနှင့် ထိခိုက်သေဆုံးသွားသည့် ကျန်ရစ်သူမိသားစုအတွက်  ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်တွင် ပြည်သူ (၁၀၇၁) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး
May 04,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက် ရှိသူများနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာစုရပ်များ၊ နေအိမ်များအရောက် ကွင်းဆင်းထိုးနှံခြင်းနှင့် မြို့အဝင်ဂိတ်၌ ခရီးသွားပြည်သူများအား ထိုးနှံပေး ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ
ဝါးခယ်မမြို့နယ်တွင် စားသုံးဆီများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ဆွေးနွေးပွဲကျင်းပ
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် စားသုံးဆီ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရန် ဆွေး‌နွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် မြို့မဈေးတာဝန်ခံရုံး၌ လက်လီလက်ကား ဖြန့်ဖြူးရောင်းချသည့် ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်းဆောင်ရွက်
May 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့် ရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြီးအစီး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး(၆)လနှင့်အထက်၊ အသက်(၅၀)နှစ်ပြည့် သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။
အိမ်မဲမြို့နယ်၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ယနေ့ နေ့လည် ၁၂နာရီက ပြုလုပ်ခဲ့သည်။
မလှိုင်မြို့နယ်တွင် ၁၃၈၄(၂၀၂၂၂)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲဖြေဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက် ပြီးစီး
May 04,2022
မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(မလှိုင်)၊ ဧရာဝတီခန်းမတွင် ၁၃၈၄(၂၀၂၂)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲဖြေဆိုင်နိုင်ရေးစာမေးပွဲခုံ၊ စာဖြေခုံနံပါတ်နှင့် အခမ်းအနား ပြင်ဆင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ပူတာအိုခရိုင်၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အထိမ်းအမှတ် ပိုစတာစိုက်ထူခြင်း၊ သွေးလှူဒါန်းခြင်းနှင့် အာဟာရဒါန လှူဒါန်းခြင်းများ ဆောင်ရွက်
May 04,2022
မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အထိမ်းအမှတ် ပိုစတာစိုက်ထူခြင်း၊ သွေးလှူဒါန်းခြင်းနှင့် အာဟာရဒါနလှူဒါန်းခြင်းများကို ယနေ့နံနက် (၈)နာရီက ပူတာအိုခရိုင် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။