ပူတာအို မေ ၃
မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အထိမ်းအမှတ် ပိုစတာစိုက်ထူခြင်း၊ သွေးလှူဒါန်းခြင်းနှင့် အာဟာရဒါနလှူဒါန်းခြင်းများကို ယနေ့နံနက် (၈)နာရီက ပူတာအိုခရိုင် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြည်သူ့ဆေးရုံးတွင် ဆေးဝါးကုသမှုခံယူနေသော ပြည်သူများ စိတ်အေးချမ်းစွာ ဆေးဝါး ကုသမှု ခံယူနိုင်ရန်အတွက် ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထိုက် ဦးဆောင်သော ခရိုင်/မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့၀င်များ စုစုပေါင်း (၃၀)ဦးတို့က ပူတာအိုခရိုင် ဆေးရုံ၀န်းအတွင်း မြက်ရိတ်စက်များ၊ ဓါး၊ ပေါက်တူး၊ ပေါက်ပြား၊ တံမြက်စည်းကြမ်းများဖြင့် အမှိုက်များ ရှင်းလင်းခြင်း၊ ခြုံနွယ်များ ရှင်းလင်းခြင်းနှင့် ရေမြောင်းများ ဆယ်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင် မီးသတ်တပ်ဖွဲ့ရုံး မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပူတာအိုခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသော လူနာများအား ကြက်သားဆန်ပြုတ်ကို အာဟာရဒါနအဖြစ် လှူဒါန်းပေးခဲ့ပြီး အဆိုပါ အာဟာရဒါနကြက်သားဆန်ပြုပ်များကို ခရိုင်မီးသတ် ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ရုံး စည်းကမ်းထိန်းသိမ်းရေး ကော်မတီများက လူနာများ လက်၀ယ်အရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ဦးစီးမှူးနှင့် တပ်ဖွဲ့၀င်များက ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဘေးရှိ ခရိုင်ပြန်/ဆက် ရုံးရှေ့တွင် အထိမ်းအမှတ် ပိုစတာစိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပူတာအို ခရိုင်ပြည်သူ့ဆေးရုံတွင် တပ်ဖွဲ့နေ့အထိမ်းအမှတ်အနေဖြင့် တပ်ဖွဲ့၀င်များက သွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)