သတင်းများ

ပွင့်ဖြူမြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
May 04,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပ နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
မိုးညိုမြို့နယ်တွင် လေဘေးသင့်နေအိမ်မှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
May 04,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်း လေဘေးသင့်ခဲ့သော အိမ်ထောင်စုများမှ မိသားစုများအား
ဝိုင်းမော်မြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းနှင့် မုန့်မျိုးစုံလုပ်နည်းသင်တန်း ဆင်းပွဲကျင်းပ
May 04,2022
လူမှုဝန်ထမ်းဦးစီးဌာန၊ မြစ်ကြီးနားမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ကြီးမှူး၍ အခြေခံစက်ချုပ်သင်တန်းနှင့် မုန့်မျိုးစုံပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု ဆွတ်ကြိုင်ကျေးရွာခန်းမတွင် ကျင်းပခဲ့သည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဓနုဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ မြို့နယ် ကျက်သရေဆောင် ကျိုက္ကလွန်ဗွန်းစေတော်မြတ်ကြီးတွင် ယနေ့ နံနက် (၈)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
ဘူးသီးတောင်မြို့၌ မြို့နယ်အားကာကော်မတီနှင့် မြို့နယ်ဘောလုံးဝါသနာရှင်(Old Star)အသင်းတို့ ပူးပေါင်း၍ အသက်(၁၇)နှစ် အောက် လူငယ်ဖိတ်ခေါ်ဖလား အမျိုးသား ဘောလုံး(ဂိုးလတ်) ပြိုင်ပွဲကျင်းပ
May 04,2022
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်အား/ကာ ကော်မတီနှင့် မြို့နယ် ဘောလုံးဝါသနာရှင်(Old Star)အသင်းတို့ ပူးပေါင်းကျင်းပသည့် အသက်(၁၇) နှစ်အောက် လူငယ်ဖိတ်ခေါ်ဖလား အမျိုးသားဘောလုံး(ဂိုးလတ်)ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့ မြို့မအားကစားကွင်း၌စတင်ကျင်းပသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် မွေးစမှတစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး
May 04,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များလိုက်ပါ၍ မေလ ၄ ရက်နေ့ နံနက်ပိုင်းက သာမည ကျေးလက်ကျန်းမာရေးဌာနတွင် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် မွေးစအရွယ်မှ တစ်နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က အမှတ်(၆)ရပ်ကွက်၊ အ.ထ.က(၁)ကျောင်း မြတ်ပညာခန်းမတွင် ကျင်းပသည်။
တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုတို့ကို မပျောက်ပျက်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး
May 04,2022
ပအိုဝ်းတိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ပိုမိုတိုးတက် မြင့်မားလာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အားပေးကူညီမှု၊ ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအသင်း၏ ကြီးကြပ်မှုတို့ဖြင့် နွေရာသီပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့နယ်၊ သာမညပအိုဝ်းအမျိုးသားကွင်း ဓမ္မာရုံ ၌ ကျင်းပသည်။