သတင်းများ

ဖျာပုံမြို့နယ်၊ အမာမြို့ ကျင်ကြီးဒေါင့်ကျေးရွာ မီးဘေးသင့်ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ ကျင်ကြီးဒေါင့်ကျေးရွာ မီးဘေးသင့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါကျေးရွာ စာသင်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် အသက်(၁၅)နှစ်နင့်အထက် ပြည်သူများကို(First Dose)နှင့် ထပ်ဆောင်း(Booster Dose) ကာကွယ်ဆေးများထိုးနှံပေး
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အသက်(၁၅)နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (First Dose) ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်သူများအား (Booster Dose)ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွှေပြည်အေး (၁၁)ထပ်ဘုရားတန်ဆောင်း ဆေးထိုးစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချူပ်နှင့် အဖွဲ့ဝင်များ ကျော်စွာဓာတ်မြေဩဇာစက်ရုံပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ဒုရင်္ဂဗိုလ်မြစ်ရေတင်စီမံကိန်းဧရိယာအတွင်း နွေစပါးစိုက်ပျိုးထားမှု အခြေအနေအား ကြည့်ရှု စစ်ဆေး
May 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချူပ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်(၈)နာရီက ကျော်စွာဓာတ်မြေဩဇာစက်ရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး စက်ရုံဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ ငှားရမ်းပေး
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့နံနက် (၁၁)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့  မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်မြင့်မားရေး ဆွေးနွေးပွဲဆောင်ရွက်
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်မြင့်မား​ရေးဆွေးနွေးပွဲကို  ဌာနဆိုင်ရာတာဝန်ရှိသူများက​ ယမန်နေ့နံနက်ပိုင်းတွင် ကြံသနွယ်ကျေးရွာအုပ်စု ကြံသနွယ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါ အခမ်းအနားပြုလုပ်
May 04,2022
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့တွင် မြို့သာယာလှပရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက် ရေးလုပ်ငန်းသုံး ပစ္စည်းများဝယ်ယူ ခြင်းအတွက် အိတ်ဖွင့်တင်ဒါများကို ယမန်နေ့ နံနက်ပိုင်းက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ပွင့်လင်း မြင်သာစွာ ဖွင့်လှစ်ခဲ့သည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ရွှေဗုဒ္ဓေါစေတီတော်မြတ်ကြီးတွင် သန့်ရှင်းရေးများဆောင်ရွက်
May 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ရွှေဗုဒ္ဓေါစေတီတော်မြတ်ကြီးတွင် မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေး
May 04,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။