သတင်းများ

ငါန်းဇွန်မြို့နယ်၊ မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွင်း မိုးကြိုရေလောင်း သစ်ပင်စိုက်ပွဲတော်ကျင်းပ
May 04,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၊ မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်းဧရိယာအတွင်း၌ ယနေ့နံနက် ၈နာရီ မိနစ်၅၀ အချိန်က မိုးကြိုရေလောင်း သစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
May 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အသိပေးချက်များကို   ယနေ့နေ့လယ် ၁၂ နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ရပ်ကွက် များသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကမမောင်းမြို့တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်
May 04,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက် (၁၈)နှစ်အထက် ဒေသ နေပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူများအား booster - dose ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးခြင်းလုပ်ငန်းကို  ယနေ့ နံနက်(၉) နာရီအချိန် က သံလွင်ဦးမြို့မစျေး စျေးခေါင်းရုံးရှိ ကာကွယ်ဆေးထိုးစုရပ်နေရာတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီ အသင်းအဖွဲ့တို့မှ ပူးပေါင်း၍ ကာကွယ်ဆေးထိုးရန် လာရောက်သည့် ပြည်သူများအား စာရင်းရေးသွင်းပေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ချီဖွေမြို့နယ်တွင် လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်စေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်
May 04,2022
မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ဒေသတွင်းရှိ လူငယ် လူရွယ်တို့ အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန စည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး
May 04,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့၌(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် သောက်သုံးရေများလှူဒါန်းပေး
May 04,2022
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက်ပိုင်းက သောက်သုံးရေများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ
May 04,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူများနှင့် ထိခိုက်သေဆုံးသွားသည့် ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို စဉ့်ကူးမြို့နယ်ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
May 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုး သူများအသင်း (Women Club) အဖွဲ့များ ပူးပေါင်း၍ အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ရှိန်မရှိသူများအတွက် စာဖတ်ခွင့် မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် စာရေးဆရာနတ်ရှင်(ရွှေဂူ)ရေးသားသည့် “အနာဂတ်ကို မျှော်တွေးပါ” စာအုပ်ဖြင့် ယနေ့ နံနက် (၁၀)နာရီ အချိန်က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။