ဝမ်းတွင်းမြို့နယ်တွင် ပြည်သူ (၁၀၇၁) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

ဝမ်းတွင်း မေ ၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ်အထက် ရှိသူများနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာစုရပ်များ၊ နေအိမ်များအရောက် ကွင်းဆင်းထိုးနှံခြင်းနှင့် မြို့အဝင်ဂိတ်၌ ခရီးသွားပြည်သူများအား ထိုးနှံပေး ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများအရောက် ထိုးနှံပေးခြင်း၊ သတ်မှတ်ထားသော စုရပ်များနှင့် မြို့အဝင်ဂိတ်တို့၌ ထိုးနှံပေးရာတွင် မြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အသက် (၆၅) နှစ်အထက် ရှိသူများ၊ ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက် စာရင်းများ ရေးသွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူ များကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဝမ်းတွင်းမြို့နယ် အနေဖြင့် ယမန်နေ့က SinovacFirst Dose Phase.10 အဖြစ်(၂၀)ဦး၊Sinopharm First Dose Phase.9 အဖြစ် (၁၇၀) ဦး၊ Covidshield Second Dose Phase.9 အဖြစ် (၅၆၁) ဦး၊ BoosterDoseZeneca (၃၂၀) ဦး၊ စုစုပေါင်းပြည်သူ (၁၀၇၁) ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

ဝမ်းတွင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးများ ရာနှုန်းပြည့် ထိုးနှံပေး နိုင်ရေးအတွက် သက်မှတ်ထားသော ဆေးထိုးစုရပ်များအပြင် မြို့အဝင် ကျန်းမာရေး စစ်ဆေးဂိတ် ဖွင့်လှစ်၍ ထိုးနှံပေးခြင်း၊ နေအိမ်များအရောက် ကွင်းဆင်း၍ ထိုးနှံပေးခြင်း များကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုး လုပ်ငန်းများ အောင်မြင် စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဌာန ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)