ပေါင်းတည် မေ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက ယနေ့နံနက် ၉ နာရီက ကိုယ်ဝန်ဆောင်အုပ်စု၊ တောင်လွှဲကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီမှူးဦးစိုးဝင်းက ဒေသတွင်းစားသုံးဆီဖူလုံရေး နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရန်နှင့် ဝါစိုက်ပျိုးရန်ကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာသင်းသင်းခိုင်က တိရစ္ဆာန်များအတွက် အာဟာရပြည့်ဝသော Nivea မြက်စိုက်ပျိုးရေးကိုလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ အစုအဖွဲ့များချေးငွေများရရှိမှုနှင့် ပြန်လည်ပေးဆပ်နိုင်ရေးတို့ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီး ဌာနတာဝန်ခံက စိုက်ပျိုးရေးအစုအဖွဲ့များဖွဲ့စည်းနိုင်ရေးနှင့် အစုအဖွဲ့များ၏ အားသာချက်နှင့် စားသုံးဆီသုံးစွဲမှုလျော့ချနိုင်ရေး စားသုံးသူအသိပညာပေးခြင်းကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေရရှိရေးကိုလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူးက လယ်ယာမြေများစီမံခန့်ခွဲ အသုံးချမှုကိုလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာနဦးစီးမှူးက လယ်ယာမြေများ ပြုပြင်ပေးမည့် အကြောင်း အရာများကိုလည်းကောင်း ကဏ္ဍအလိုက်အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ဒေသခံတောင်သူများမှသိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်မေးမြန်းခဲ့ရာ သက်ဆိုင် ရာ ဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ ဒေသခံတောင်သူ ၅၀ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)