အိမ်မဲမြို့နယ်၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

အိမ်မဲ မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ယနေ့ နေ့လည် ၁၂နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး  နံရံကပ်စာစောင်ပြပွဲတွင်  ပြည်သူများ၊ စာဖတ်ပရိသတ်များ လေ့လာနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအနှံအပြားတွင် ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပွားနေသည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းအရင်း၊ လူကုန်ကူးမှု ပြစ်မှု၊ ပြစ်ဒဏ်များ စသည့် အသိပညာပေး အကြောင်းအရာများ၊ ဆောင်းပါးများ၊ ဓာတ်ပုံများ စုံလင်စွာပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများ၊  စာဖတ်ပရိသတ်နှင့် ပြည်သူများ စိတ်ဝင်စားစွာ လေ့လာခဲ့ကြသည်။

ဌေးဌေးလှိုင်