သတင်းများ

(၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ
May 05,2022
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲ အချိန် တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
တနင်္သာရီမြို့တွင် (၇၆) နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြု၍ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
May 05,2022
ယနေ့ကျရောက်သည့် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာန က ယနေ့ နံနက် ၇ နာရီမှ ၉နာရီ ၃၀ အထိ ချောင်းငယ်ရပ်ကွက်-ဝင်္ကဘာတောင် ရန်ပြေမာန်ပြေ ရန်အောင်မြေစေတီတော်အတွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဂုဏ်ပြု ဆောင်ရွက်ကြကြောင်း သိရသည်။
မြိတ်မြို့တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့၌ မီးငြှိမ်းသတ်စွမ်းရည်နှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြ
May 05,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ စွမ်းစွမ်းတမံ ကာကွယ်တားဆီး ကူညီဆောင်ရွက်ပေးလျက်ရှိသည့် မီးသတ် တပ်ဖွဲ့ဝင်များအား (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ယနေ့ နံနက်ပိုင်းက မြို့မ အားကစားကွင်း၌ ဂုဏ်ပြုဆု တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ် စွမ်းရည်များနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်တွင် (၇၆) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် သောက်သုံးရေ လှူဒါန်း
May 05,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်ရှိ ပြည်သူများအား သောက်သုံးရေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သံတွဲမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ
May 05,2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၂၀၂၂ ခုနှစ်မေလ ၅ ရက်နေ့တွင်ကျရောက်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက သံတွဲခရိုင်မီးသတ်ဦးစီးဌာန ရုံး၌ ကျင်းပပြုလုပ်သည်။
မလှိုင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် သွပ်မိုးလန်၊ မြားတန်းပျက်စီးမှုအပေါ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့
May 05,2022
မလှိုင်မြို့နယ်၊ အုပ်ကြီးကျေးရွာအုပ်စု၊ အုပ်ကြီးကျေးရွာတွင် မေလ ၃ ရက်နေ့ နံနက် (၂) နာရီအချိန်က မိုးရွာသွန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုးလန်၊ မြားတန်းများ ပျက်စီးမှုအပေါ် ယနေ့နေ့လယ် (၁၂) နာရီအချိန်က အဆိုပါကျေးရွာသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိ၌ အသက်မွေးဝမ်းကြောင်းအ​ထောက်အကူပြု အ​ခြေခံသံဂ​ဟေဆက်သင်တန်းဖွင့်ပွဲ ကျင်းပ
May 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့​နံနက်ပိုင်းက အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အ​ခြေခံသံဂ​ဟေဆက်သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
May 05,2022
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က စျေးအရှေ့ပြင်ရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။