သတင်းများ

မင်းဘူးမြို့တွင် ကုလားပဲဈေး အရောင်းအဝယ်အေးနေ
May 05,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် အခြားသီးနှံဈေးများ ဈေးအသင့်အတင့်ဖြင့် ရောင်းဝယ် နေကြသော်လည်း ကုလားပဲဈေး အေးနေကြောင်း အမှတ် ( ၃ ) ပွဲရုံပိုင်ရှင် ဦးတင်မောင်ဝင်းထံမှ သိရသည်။
သရက်ချောင်းမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးရက်တိုသင်တန်း ဖွင့်လှစ်သင်ကြား
May 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ ဆင်ကူး ကျေးရွာ (အ-မ-က) ကျောင်းခန်းမတွင် သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး ရက်တိုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပန်းတနော်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအား​ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 05,2022
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအား​ဖြင့် ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက ရွှေကျောင်းမြောက်ကျေးရွာအုပ်စုရှိ သမိုင်းဝင် ရွှေမြင်တင်စေတီတော်မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ရှိ မူလတန်းကြိုကျောင်း စတင်ဖွင့်လှစ် သင်ကြား
May 05,2022
မကွေးတိုင်းဒေသကြီး၊ နတ်​မောက်မြို့နယ်ရှိ မူလတန်းကြိုကျောင်းကို မေလ (၂) ရက်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဓနုဖြူ၌ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
May 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က လေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
မွန်ပြည်နယ်၀န်ကြီးချုပ် (၇၆) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်
May 05,2022
၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နေ့ အခမ်းအနားအား ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ ပြည်နယ်မီးသတ် တပ်ဖွဲ့စခန်း၊ ခန်းမ၌ ပြုလုပ်ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။
ဂွမြို့တွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ
May 05,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအား ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ စခန်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးဇေယျာက ပြောကြားခဲ့သည်။
(၇၆)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်
May 05,2022
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်(၇)နာရီအချိန်က မကွေးခရိုင်အားကစားကွင်းတွင်း ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။